ထိပ်ထားလေးရေ
တကယ်တော့ ငါဟာ.......
ကိုယ့်အမြီးကိုမျိုမိတဲ့ မြွေတစ်ကောင်ပါ
ဒီလိုနဲ့ပဲ အဆုံးအစမဲ့
အလွမ်းတွေလည်း တဖြည်းဖြည်း မှည့်လာရော။
ဆရာ ရွှေဘုန်းလူရေးတာ ဖတ်ဖူးတယ်
`ချစ်သူကိုတောင် ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင် နေရစ်ခဲ့
ဤသို့ဖြင့် စကားမဲ့ဖြစ်စေသတည်း´ တဲ့
အဲဒီတုန်းက ကဗျာထဲက ကောင်ကို ဟားခဲ့သမျှ
အခုမှ ၀ဋ်လည်တယ်။
အစတည်းက ပုစ္ဆာမှားမှန်းသိရက်နဲ့
ငါကိုက တွက်ခဲ့မိတာကိုး
အခုတော့ ကိုယ့်ရင်ခုန်သံကိုယ်ပြန်မနာခံရဲ
တကယ်လည်း ဘယ်သင့်တော်ပါ့မလဲကွယ်။
ထိပ်ထားလေးရယ်
တကယ်တော့
ငါဟာ လေးသည်တော်တစ်ယောက်ပါပဲ
ကိုယ့်လေး ကိုယ်တင်ပြီး
ကိုယ့်ရင် ကိုယ်ပစ်ခဲ့ရတာပါ။
ဘာပဲဖြစ်ဖြစ်ပါ
ကိုယ့်ရင်ခုန်သံကိုယ်ပျိုး
ဟိုးအဝေးထိဆက်သွားဦးမှာ....
မင်းကို မြတ်နိုးရတယ်ဆိုတာကိုလည်း
မင်းဘယ်တော့မှ
အပြင်လောကမှာ မသိစေရပါဘူး။
နောက်ဘ၀ဆိုတာများရှိခဲ့ရင်လေ
ကျောက်၊ ကြေး၊ သံ (အို) ခေတ်တိုင်း အတူတကွ
ငါတို့.....လူဖြစ်ပါရစေလို့ဆုတောင်းတယ်။
အခုလိုပဲ အညတရ ဘ၀ထဲက
ငါချစ်ရတဲ့ ထိပ်ထားလေးကို
ထာဝရ လျှို့လျှို့ဝှက်ဝှက် မြတ်နိုးနေပါ့မယ်။ ။
နွေရင့်
နူးညံ့မှုနဲ့ ပွတ်သပ်ပေးနေသလို ...
ReplyDelete