.
.
မကြာသေးခင် ရက်ပိုင်းကပဲ ရသကမ်းခြေမှာ သမိုင်းဆောင်းပါးတွေကို ပင်တိုင်ရေးပါ့မယ်လို့ ကတိပေးခဲ့တဲ့ ကိုမင်းသူရိန် (အလင်းစေတမန်) တစ်ယောက်က သူ့ကတိကို ချိုးဖျက်ပြီး ဘယ်တော့မှ စာမူမပေးနိုင်တဲ့ နေရာဆီကို သွားနှင့်ပြီ။ ခု ... ဟိုး ... ၂၀၀၀ ခုနှစ်လွန် ကာလများက (အွန်လိုင်းမှာ မဟုတ်သေး) “ရသကမ်းခြေ” ဆိုတဲ့ အဖွဲ့လေး စတင်ဖွဲ့စည်းပြီး နှစ်စဉ် ကဗျာစာအုပ်တွေထုတ်ကြ၊ မဂ္ဂဇင်းကဗျာတွေကို ဖတ်ကြပြီး “ရသကမ်းခြေ အကြိုက်ဆုံး ကဗျာဆု” ဆိုပြီး ပေးခဲ့ကြ၊ ဒီတုန်းကတည်းက ရသကမ်းခြေရဲ့ လိစ္ဆ၀ီတစ်ဦးဖြစ်ခဲ့တဲ့ ကဗျာဆရာ “ ရီဇော်ဟိန်း” လည်း ဒီကနေ့ မနက် (၂. ၅. ၂၀၁၃ - မနက် ၁ နာရီ) ပဲ ရသကမ်းခြေကို ခွဲခွာသွားခဲ့ပြီ။ နောင်ဘ၀မှာလည်း ကဗျာဆရာပဲ ဖြစ်ချင်တယ်ဆိုတဲ့ ကျနော်တို့အစ်ကို ကောင်းရာသုဂတိရောက်နိုင်ပါစေကြောင်း ရသကမ်းခြေများမှ ဒီနေရာမှာ ၀မ်းနည်းမှတ်တမ်း ရေးပါတယ် ... ။
ကိုယ့်ဇယားအတိုင်း ခြေလှမ်းတတ်တဲ့ ချစ်ခြင်းပမာလူသား ... မတားသာတော့ မင်းလားရာအတိုင်း သွားကွာ လို့ပဲ ပြောလိုက်ရပါတယ် ...
ReplyDeleteI feel very upset to hear about my 8888 friend(san yu) who strongly involved together with me in the democracy uprising movement ,last 24 years ago.
ReplyDelete