ဝ လုံးကလေး ၀ိုင်းအောင်ရေးဖို့ထက်
ပထမဆုကိုသာ အလေးပေးတဲ့ ခေတ်ကြီးမှာ
ဠ နဲ့ ဌ အလှည့်မှားတဲ့ ကလေးတွေနဲ့။
ဘိုလိုပြောတတ်မှ လူရာဝင်မယ့်ခေတ်ထဲမှာ
b နဲ့ d က သံလိုက်အိမ်မြှောင် လွဲနေတယ်။
အွန်လိုင်းသုံးဖို့
လိုင်းအားလုံး `အွန်´ ထားပေမယ့်
ကွန်နက်ရှင်ကတော့ နှေးကွေးနေဆဲပဲ။
ချို့ယွင်းမှုများအတွက် တောင်းပန်ထားတဲ့နောက်
ဘယ်နေရာမှာများ အကောင်းကျန်သေးလဲ။
အပေါဆုံးက ပိုက်ဆံပါလို့
သူငယ်ချင်းတွေဆီက တစ်ဖွဖွကြားနေရလည်း
တစ်နပ်နဲ့ တစ်နပ်အကြား
ဧရိယာပြင်ပ ရောက်ရောက်နေတတ်တယ်။
ဥတုရာသီက တောကိုမှီသလို
ကုန်ဈေးနှုန်းက ဒီရေနဲ့ ဇာတ်တိုက်ထားတယ်။
ဒါပေမယ့်လည်း ... ...
ဒိုင်ခွက်ပြင်ပ ကျွံနေတဲ့ ဈေးနှုန်းများလို
ကိုယ်ကျင့်တရားတွေ
အသိဥာဏ်တွေ ဖွံ့ဖြိုးစေချင်တယ်။
ကိုထက်
ဒါပေမယ့်လည်း ... ...
ReplyDeleteဒိုင်ခွက်ပြင်ပ ကျွံနေတဲ့ ဈေးနှုန်းများလို
ကိုယ်ကျင့်တရားတွေ
အသိဥာဏ်တွေ ဖွံ့ဖြိုးစေချင်တယ်။