STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Friday, September 6, 2013

ထည့်စရာ


အားလုံးစားရန် ထမင်းကို ချက်တာ
ပေါင်း အိုး ပါ
ငါးနဲ့ ကြက်သား ကြော်လို့ စားတာ
ဒယ် အိုး ပါ
တို့စရာ ၊ ငပိဖျော်ကာ
ပန်းကန်ခွက်ယောက် ကြွေမျိုး စုံလင်စွာ
ရေသောက်တာ ၊ ဖန်ခွက်ပါ ။

ရုံးတက်ချိန်မှာ ထမင်း ၊ ဟင်း ယူတာ
စတီး ချိုင့် မှာ
တို့များ ကိုယ်စီ ရေချိုးဖို့ရာ
ကော် ဖလား ပါ
ဘုရားတင်ကာ ၊ ပန်းစုံစွာ
ရေများ သိုလှောင် ညောင်ရေအိုး ယှဉ်ကာ
ရေအိုးမှာ ၊ စဥ့်ထည်ပါ ။

ငြိမ်းစိုးသူ
( 5 ; 9 ; 2013 )

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter