ထိပ်ထားရေ
ဒီနေ့......... ကြယ်တွေ
အတုန်းအရုံးနဲ့
တန်ဆောင်မုန်းက
ကျွန်တော့်ကို လှောင်ပြုံးပြုံးနေရဲ့။
လအပျိုမကတော့ ကြယ်တွေရံလို့
ကျွန်တော်ကတော့ ကာရန်တွေနဲ့ငိုနေရတယ်။
ကြားဖူးတာ တစ်ခုရှိတယ်
“အလွမ်းတွေထဲမှာ
ပညာနဲ့ယှဉ်ပြီးလွမ်းရတာ အဆိုးရွားဆုံးပဲ” တဲ့
တကယ်ပါထိပ်ထားရယ်
တခါတခါ အရူးတစ်ယောက်လို့ ဟစ်ကြွေး
ထိပ်ထားအတွက် ချစ်တေးတွေ ဆိုချင်တယ်။
အလွမ်းတွေနင့်သီးနေအောင်
အဆိပ်သင့်နေမှတော့
ဆေးပေါင်းခတဲ့ည ကလည်း
ဘယ်ကယ်နိုင်ပါ့မလဲ။
ထိပ်ထားရယ်
နိယာမမှားတဲ့ပန်းက
နှလုံးသားမှာ မြေစမ်းပြီး
ခရမ်းပြာတေးသွားနဲ့ ကိုယ်ထင်ပြတယ်။
ဘယ်တော့မှလည်း မပွင့်ဘဲ
ဖူးရာက ပြန်ငုံ.......... ဒီပုံနဲ့ပဲ
ကြွေသွားမှာပါ။
ထိပ်ထားကိုချစ်မိသွားတဲ့အချိန် မှာ
ကျွန်တော်က...........
ရာစုတစ်ထောင်မက နောက်ကျသွားခဲ့ပါပြီ။
ကိုယ့်ဘာသာ ချည်ခဲ့တဲ့နှောင်ကြိုးတွေ
တသီကြီးနဲ့
ဟိုး.................
ကမ္ဘာဦးရဲ့နောက်ဆုံးနေ့မှာ
ဖြူလျှမှိန်မှေး
တိမ်နဲ့ဝေးတဲ့ကောင်းကင်ပါ။
ထိပ်ထားကိုချစ်တယ်
ထိပ်ထားကိုချစ်တယ် လို့
ဘယ်တော့မှ ပြောမပြနိုင်တဲ့ဘ၀မှာ
ကိုယ်ရင့်ဘတ်ကိုယ်တွင်းတူး
အလွမ်းဖူးတွေပျိုးထားတယ်။
နွေရင့်
0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...