မှန်ထဲစိတ်ရောက်သလို
လေးဂွဇောက်ထိုးဖက်ရှင်နဲ့
မျောက်ပလွေမှုတ်တဲ့စတိုင်
လိုက်ဖက်မှု မစဉ်းစား
မျဉ်းကျားဖြတ်ကူးမှုရလဒ်
ဒရိုင်ဘာမရဲ့ တောက်ခေါက်သံလို
နေရာမှားနေပြီလား
စိတ်ကိုအလှပြင်
နာရီလို ပုံမှန်သွား … ဒီနေရာထွက်မပြေးပါဘု
ထိုင်ခုံနဲ့လူ ထိုင်ခုံမဲ့လူ
အမှုများတဲ့လူသား ပြန်ရင်မကျန်ဖြစ်နေမဟဲ့
ပညာ ဓာန ရုပ်မာနနဲ့ ဟန်ထက်နေကြ
ကုသိုလ်ဆိုတာ မေ့ဖို့မဟုတ်
ပညာရှိတိုင်း မတော်သလို
တော်တိုင်းလည်း ပညာရှိမဖြစ်
ဒီကောင် `` . . . . . . . . ´´ စရာပဲကွ
ဒါ .. ကဗျာတစ်ပုဒ်လေလား။
ဟိုမဏ္ဍ

ကဗျာဆရာ ဟိုမဏ္ဍဆိုတာ လပွတ္တာကထွက်တဲ့ Valentine's Day ကဗျာစာအုပ်လေးတွေမှာ ရေးတဲ့သူလားမသိ။ သူ့ကဗျာတွေ ကြိုက်တယ်ဗျာ။ အစဉ်အမြဲ အားပေးလျှက်။
ReplyDeleteနိုင်
စင်္ကာပူ
ရသကမ်းခြေကို ရောက်ရောက်ချင်း အရင်ဆုံးဖတ်မိတာက ကဗျာတွေပဲဗျို့။ ဒီတစ်ခေါက်တော့ ဆရာဟိုမဏ္ဍရဲ့ ကဗျာလေး စိတ်တုင်းကျတယ်ဗျာ။
ReplyDeleteမောင်မောင်အောင်လေး
လားရှိုး