Android OS သုံးဖုန်းများတွင် ထည့်သွင်းဖတ်ရှုနိုင်သော ကာတွန်းဂျာနယ်လေးဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ကာတွန်းချစ်သူများအတွက် Putet ကာတွန်းဂျာနယ် နှင့် Bagan Innovation Technology (BiT) တို့မှ Putet ကာတွန်းဂျာနယ်၏ ကာတွန်းများကို အခမဲ့ ဖတ်ရှူနိုင်ရန် Putet Comics Mobile Application ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါသည်။ ပုတက် ဂျာနယ်တွင် ကလေးများသာမက လူကြီးများပါ ချစ်ခင်နှစ်ခြိုက်ကြသည့်
ဇာတ်ကောင်များဖြစ်သော လေးမွန်ထွေးမွန်၊ ပိုးဇာ၊ မြိုင်ရာဇာတွတ်ပီ၊ စိန်မျောက်မျောက်၊ မောင်တီထွင်နှင့် အခြား ဇာတ်ကောင်ပေါင်းများစွာ ပါဝင်ပါသည်။
ကာတွန်းများကို အခမဲ့ ဖတ်ရှူနိုင်ရန် www.putet.com.mm တွင် အခမဲ့ Register ပြုလုပ်ရပါမည်။ Putet Website တွင် Account ရှိမှသာ ဖတ်ရှူနိုင်မည် ဖြစ်ပါသည်။ www.putet.com.mm တွင် တစ်လလျှင် ကာတွန်းနှစ်ပုဒ်သာ ဖတ်နိုင်သော်လဲ ယခု Application တွင်မူ ကာတွန်းများစွာကို အခမဲ့ ဖတ်ရှုနိုင် ပါသည်။ Register ပြုလုပ်ထားသော အကောင့်တစ်ခုအတွက် Device ၂ခုတွင်သာ အသုံးပြု၍ ရမည်ဖြစ်ပါသည်။ အခြား Device တစ်ခုတွင် အသုံးပြုလိုပါက မူလ Deviceတွင် Deauthorize ပြုလုပ်ပေးရန် လိုအပ်ပါသည်။

Cafe-35 (IT Sharing) မှ မျှဝေပါသည်။
0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...