ခြေကားယား လက်ကားယား
ဆံပင်ဖားလျားချထားနဲ့
မြေကြီးကိုငုံကြည့်နေကြတဲ့
အမှန်တရားတွေ ။
ဘယ်လောက်ပဲမတ်တပ်ရပ်ရပ်
ဘယ်တော့မှ
ခြေထောက်မညောင်းတတ်ကြတဲ့
အောက်စီဂျင်ဈေးသည်တွေ ။
နေပူစာလှုံလိုက် မိုးရေချိုးလိုက်နဲ့
လေညှင်းကိုအရွဲ့တိုက်နေကြတဲ့
ရှင်သန်ခြင်းတွေ ။
ဒီကမ္ဘာထဲ....ဒီရွာထဲ
ငါတို့ဘေးနားလည်း
အမြဲရှိနေတယ်
ဆံပင်ဖားလျားချထားနဲ့
မြေကြီးကိုငုံကြည့်နေကြတဲ့
အမှန်တရားတွေ ။
ဘယ်လောက်ပဲမတ်တပ်ရပ်ရပ်
ဘယ်တော့မှ
ခြေထောက်မညောင်းတတ်ကြတဲ့
အောက်စီဂျင်ဈေးသည်တွေ ။
နေပူစာလှုံလိုက် မိုးရေချိုးလိုက်နဲ့
လေညှင်းကိုအရွဲ့တိုက်နေကြတဲ့
ရှင်သန်ခြင်းတွေ ။
ဒီကမ္ဘာထဲ....ဒီရွာထဲ
ငါတို့ဘေးနားလည်း
အမြဲရှိနေတယ်
စည်သူဝင်းထွဋ်
0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...