DUST IN THE WIND
လေထဲက ဖုန်မှုန့်
မျက်စေ့တစ်မှိတ်၊ လျှပ်တစ်ပျက်အတွင်း
အဲဒီ ပစ္စုပ္ပန် အချိန်ကလေး ပျောက်ပျက်သွား
မျက်စေ့ရှေ့က ဖြတ်ကျော်သွားတဲ့ ငါ့အိပ်မက်တွေ အားလုံး
စူးစူးစိုက်စိုက် ကြည့်လိုက်ရင် လေထဲက ဖုန်မှုန့်တွေ…
တူညီတဲ့ သီချင်းဟောင်းတွေ အဆုံးမရှိပင်လယ်ထဲက ရေတစ်ပေါက်မျှသာ
ငါတို့မမြင်ချင်သော ငါတို့ပြုခဲ့သမျှ အရာအားလုံး
မြေပြင်ပေါ် တစ်စစီပြိုကျ လေထဲက ဖုန်မှုန့်တွေ
ငါတို့အားလုံး လေထဲက ဖုန်မှုန့်တွေ…
အခု လွှတ်ချလိုက်တော့
နောက်ဆုံးမှာ ကောင်းကင်နဲ့ မြေကြီးကလွဲလို့ ဘယ်အရာမှ အမြဲမရှိ
ဒါဟာ အဝေးကို လျှောထွက်သွားမှာ
မင်းရဲ့ နောက်ဆုံးမိနစ်တွေကို ငွေနဲ့ဝယ်လို့ မရတာသိလား
လေထဲက ဖုန်မှုန့်တွေ၊ ငါတို့အားလုံး
လေထဲက ဖုန်မှုန့်တွေ
အရာရာအားလုံး လေထဲက ဖုန်မှုန့်တွေ…။
အနုပညာအကြောင်း
နည်းနည်းလောက် ပြောပါရစေ။ အနုပညာဆိုတာ ခံစားချက်နဲ့ အတတ်ပညာ ပေါင်းစပ်ထားတဲ့ အရာပါ။
လူတိုင်း ခံစားချက် ရှိကြတယ်။ အတတ်ပညာနဲ့ မပေါင်းစပ်နိုင်ပဲတော့ အနုပညာ ဖြစ်မလာပါဘူး။
အတတ်ပညာသက်သက်ကို အားကိုးပြုပြီး ခံစားချက်မပါတဲ့ အနုပညာတွေကို မြင်ရ၊ တွေ့ရ၊ ကြားရပြန်တော့လည်း
အရသာမရှိ။ ပေါ့ရွှတ်ရွှတ်၊ ဖွယ်တယ်တယ်။ ခံစားချက်နဲ့ အတတ်ပညာ အချိုးညီညီပေါင်းစပ်နိုင်မှ
(၅၀/၅၀, ၈၀/၂၀, ၃၀/၇၀ …စသည်ဖြင့် ) အနုပညာကောင်းတစ်ခု ရလာမှာပါ။ အဲဒီ အနုပညာတွေထဲက
သီချင်းတွေထဲပျော်ဝင်နေတဲ့ ကဗျာမှော်ဓာတ်တွေအကြောင်း ပြောချင်လို့ပါ။
Dust
In The Wind…။ Kansas အဖွဲ့ ၂၀၀၇ ခုနှဏ်တွေမှာ
စတင်သီဆိုခဲ့ပြီး Scorpion အဖွဲ့က ပြန်လည်သီဆိုခဲ့တဲ့ သီချင်းပါ။ ကင်းမြီးကောက်အဖွဲ့ရဲ့
သီချင်းအများစုဟာ လူကို ခုန်ပေါ်မှာ ငြိမ်ငြိမ်ထိုင်မနေနိုင်အောင် ပြုစားတတ်ခဲ့မြဲပါ။
ဒီသီချင်းမှာတော့ တမျိုးတဖုံ စိတ်ကျစရာတွေနဲ့ သံဝေဂကို ပေးခဲ့လေရဲ့။ သီချင်းရဲ့violin Solo ကလည်း ထပ်ခါ ထပ်ခါ နားထောင်ချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ Major Scale လေးကိုပဲ လွမ်းလွမ်းဆွတ်ဆွတ် ခံစားချက်မျိုးရရှိအောင်
တွဲစပ်သွားခဲ့ပါတယ်။ အဲဒီ Solo လေးကပဲ သီချင်းရဲ့တန်ဘိုးကို မြှင့်တင်ပေးခဲ့တယ်လို့ ခံစားမိရပါတယ်။
အချိန်ကလည်း
ကုန်ဆုံးမှုလျှင်မြန်ပုံနဲ့ ဒီ သီချင်းကို စပါတယ်။
လက်ဖျစ်တစ်တွက်အတွင်းကနေ ကုဋေတစ်သိန်းချုပ်တယ်ဆိုတဲ့ ဗုဒ္ဒရဲ့ တရားတော်နဲ့ ဟေရာကလိုက်တပ်စ်ရဲ့
မြစ်တစ်မြစ်ထဲ ရေနှစ်ခါ ချိုးလို့မရ ဆိုတဲ့စကားပုံကို သတိရစေပါတယ်။ မဖြစ်မြောက်ခဲ့ရတဲ့
ကျွန်တော်တို့ရဲ့ ငယ်ဘ၀အိပ်မက်တွေကိုလည်း လွမ်းဆွတ်မိစေခဲ့ပါတယ်။
နောက်တစ်ပုဒ်မှာတော့
မတည်မြဲတဲ့ သဘောကိုပဲ ဆက်ဖွဲ့ပါတယ်။ ‘အမြဲမတည်ရှိသော ကျောက်တိုင်’ ဆိုတဲ့ ကျောက်တိုင်ကြီး
ပြိုလဲကျပုံထုထားတဲ့ ပန်းပုလက်ရာကိုတောင် မြင်ယောင်မိသေးတော့။
နောက်ဆုံးအပုဒ်ကတော့
ဆုတ်ကိုင်မထားနဲ့ (လွှတ်ချလိုက်ပါ) ဆိုတဲ့ ‘ဇင်’ ဗုဒ္ဒဘာသာတွေ သုံးလေ့ရှိတဲ့ စကားနဲ့စပါတယ်။
အသက်ကို ငွေနဲ့ဝယ်လို့မရ ဆိုတဲ့ အမှန်တရားဆီကို ဆက်ပါတယ်။ နောက်တော့ ငါတို့အားလုံးဟာ
လေထဲက ဖုန်မှုန့်တွေ…။ အရာရာ အားလုံး လေထဲက ဖုန်မှုန့်တွေ ဆိုတဲ့ ‘အဟေတု ဒိဋ္ဌိ’ (ကံတရားမရှိ၊
ဖြစ်ချင်ရာဖြစ်၊ ကျချင်ရာကျ၊ လွင့်ချင်ရာလွင့်) နဲ့ သီချင်းကို အဆုံးသတ်ပါတယ်။ အတော်
လွမ်းစရာပါပဲ။
သီချင်းထဲက
စကားလုံးတွေမှာ ကဗျာမှော်ဓာတ်တွေ ပြည့်နက်လို့ နေပါတယ်။ သီချင်းရေးဆရာရဲ့ စိတ်ဓာတ်ကျနေပုံ၊ ထွက်ပေါက်ပိတ်နေပုံ
ကိုလည်း မြင့်တွေနိုင်ပါရဲ့။ သူသာ ဗုဒ္ဒဘာသာကို တွေ့ရှိခဲ့ရင် ဆိုတဲ့အတွေးလည်း ၀င်မိပြန်တယ်။
ဘာပဲဖြစ်ဖြစ်
ဒီလို ကဗျာမှော်ဓာတ်ပါတဲ့ စကားလုံးတွေနဲ့ ရေးနေကျ အပ်ကြောင်းထပ်အသုံးအနှုန်းတွေ မဟုတ်တဲ့၊
အကြောင်းအရာဆန်းသစ်တဲ့ Music ဖန်တီးပုံ ဆွဲဆောင်မှုရှိတဲ့ သီချင်းကောင်းတွေကို ကျွန်တော်တို့
ချစ်တဲ့စိတ်နဲ့ နားထောင်နေဖြစ်ဦးမှာပါ။ ။
မေတ္တာဖြင့်…
သိုးမိုက်
DUST IN THE WIND
Kansas
I close my eyes only for a moment
And the moment is gone
All my dreams passed before my eyes
A curousity, dust in the wind
All we are is dust in the wind
Same old song, just a drop of water in the endless sea
All we do, crumbles to the ground tho’ we refuse to see
Dust in the wind
All we are is dust in the wind oh………
Now, don’t hang on
Nothing last forever but the earth and sky
It slips, away you know your money
Wouldn’t last another minute buy
Dust in the wind
All we are in the dust in the wind
(All
we are in the dust in the wind )
Dust in the wind
(
Everything is dust in the wind )
ဖုန်မှုန့်များကြားမှာ လူသားရဲ့ ခွန်အားတွေ စုစည်းညီညွတ်နေကြဖို့ မာန်ချကြဖို့ ...
ReplyDelete