STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Sunday, February 24, 2013

ကဗျာ .. က .. ဗျာ


.
.
နှစ်ချို့ ယမကာများကို တစ်ဟုန်ထိုး သောက်သုံးလာသော
ကဗျာဆရာသမားကို ခင်ဗျား က  ဗျာ  လို့
စကား စလိုက်တဲ့အခါ  ဘာ  ငါ့ကို
ကဗျာနဲ့ နှိုင်းရသလား ၊ ငါ့ ကဗျာကို ပြောသလား
ငါနဲ့ ကဗျာနဲ့ ဆက်စပ်မှု လုံးဝမရှိ
ကမ္ဘာကြီးရဲ့ သိင်္ဂါရ ကဗျာကို
ကဗျာနဲ့ အိုးမည်းသုတ်နေရသလိုလို
ကဗျာတွေ ငိုမှာ စိုးရိမ်နေမိပေါ့ ... တဲ့ ။
.
ကဗျာကယာ သံခင်း တမန်ခင်း ယောင်ယောင်
ကျွန်တော်လည်း ကဗျာကို
ကျွန်တော်နဲ့ ခင်ဗျား မဟုတ် / ဟုတ် သလို
ဆွေးနွေး ဆက်ဆံနေပါတယ်လို့ ပြန်ပြောမိပါတယ် ။
.
အဲဒီအချိန်မှာ ကဗျာက ငြိမ်းငြိမ်းချမ်းချမ်း
အိပ်ရတာ ကောင်းလိုက်တာ ၊ အိပ်မက်တွေလည်း မက်ထားတယ်
ကဗျာနယ်ကျွံတော်လှန်ရေးဖွဲ့မှုကို
ဘယ်သူစခဲ့တာလဲ
ကဗျာဆရာတွေ တန်းစီ ၊ တန်းစီးတွေ မဖြစ်ကြစေလိုပါ
ကမ္ဘာကြီး ပူနွေးလာတော့ စကြ၀ဠာလည်း မကျန်းမာနိုင်ဘူးလေ
ကဗျာရှိတဲ့ ကမ္ဘာရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အလှကို မေ့ပျောက်ရမှာလား
အားကောင်းမောင်းသန် နိုးထရင်း ရေရွတ်ခဲ့ ။
.
အလင်းနှစ်ခရီးကို ပြင်ဆင်နေပြီလား ကဗျာ
အန္ဓပဝေသီ မဖြစ်အောင် ကန်းလျှင် ကန်းကြောင်းထုတ်ဖော်
ကျွန်တော်ကတော့ အကန်းဖြစ်၍ စမ်းသပ်ရှာဖွေနေဆဲ
ကဗျာထဲက မျက်ရည်တွေက ကဗျာကို စွတ်စိုသွားစေမှာ
အလွန် စိုးရိမ်မိတာတော့ အသေအချာ
သို့ ... မြတ်နိုး တန်ဖိုးထား  ချစ်ရပါသော ကဗျာ ။
.
.

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( Dec ; 24 ; 2012 )

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter