အုန်းပင်ပေါ်မှာ
သူ ...
နောက်ဆုံးနေသွားတဲ့အကြောင်း
အသံကောင်းဟစ်ပြီး အောက်ကို ခုန်ဆင်းလာတယ် ။
မြေပေါ်မှာ
အရိုးက အရင်ကျပြီးကာမှ
အဖျားက နောက်မှကျလာတဲ့အသံ
ငါ့ အာရုံကို ညှော်တိုက်တယ် ...။
လမ်းမပေါ်မှာ
မရေတွက်နိုင်တဲ့ ကားတွေရဲ့ ပြေးလွှားသံတွေ ကွယ်ပျောက်
တစ်စီး တလေမှ စကားမဟတဲ့အချိန် ...
အိမ်တွေထဲမှာလည်း
ညအက္ခရာဟာ
သူ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြတော့ ၊
လောက လူသားတွေ
ညအဓိပ္ပါယ်ထဲ စွေ့ ခနဲ ခုန်ကူးတဲ့အချိန် ...
ခုတလော ... ငါတော့
မနက်လင်းရင်
နေအတော်မြင့်မှ နိုးနိုးနေတယ် ...
အလင်းတွေပဲ
ကိုယ့်ဆီက ဖဲ့ဖဲ့ပေးလိုက်ရတာသာ အဖတ်တင်တယ် ။
.

ခင်မင်လေးစားလျှက် -
ဇင်မင်းထွန်း `` ၀ဿန်မြေ ´´
ဇင်မင်းထွန်း `` ၀ဿန်မြေ ´´
good
ReplyDeleteအားပေးနေတယ် ---------->
ReplyDelete