STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Tuesday, April 2, 2013

သင်္ကြန်ရေ စိုမှ ကျန်းမာရေးကောင်းလိမ့်မယ်














.
.
.
.
.
နွေဦးကို ကမ္ဘာကြီး၏ ဘယ်နေရာကမဆို ချစ်ကြပါသည် ။
ပန်းကြည့်ပွဲတော်များကိုပင် ကျင်းပကြပါသည် ။
ပန်းပေါင်းစုံလင်စွာ အလင်းရောင်အောက်တွင် ပွင့်ကြသည် ။
ကြည်နူးငြိမ်းချမ်းစရာ ရနံ့တို့ ရင်ကို တိုးဝှေ့စေပါ၏ ။
မြန်မာ့နွေဦးသည် တော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့ပါသည် ။
ဖိနှိပ်အုပ်ချုပ်မှုများကို ဆန့်ကျင်သည့် ပြယုဂ် ဖြစ်ပါ၏ ။
ရေချမ်းစင်များဖြင့် နွေဦးကျက်သရေ ဒါနများကို မျှဝေနိုင်ကြပါသည် ။
မြန်မာ့နှစ်ဦး သင်္ကြန်ရေကို အေးအေးမြမြ ခံစားလိုကြပါသည် ။
ရွက်ခြောက် ၊ ပုရစ်ဖူး ၊ တူးပို့သံ ၊ ဥသြတွန်သံ ၊ အမျှဝေသံ ၊ သာဓုသံ ၊
အချို့စင်မြင့်များတွင်  Rap များကိုလည်း ဆိုကြ ကကြပါသည် ။
     ရို့ ရို့ ၊ ပက်လိုက်များများ ၊ အဲဒီရေက အေးသလား ၊ အာဟ အာဟ
     ရို့ ရို့ ၊ တုန်သွားတယ် ၊ လှုပ်သွားတယ် ၊ အဲဒီ ဂျင်းပင်ပဲ ၊ အာဟ အာဟ
     ရို့ ရို့ ၊ သင့်ကြောင့် မီးမလောင်ပါစေနှင့် ။ အာဟ အာဟ ။
မြန်မာနိုင်ငံတွင် ပြောင်းလဲ၍ အဖိများကို အဖေါ့များဖြင့် အစားထိုးခဲ့သည် ။
ကျပ်ညပ်မှုများက ပျံ့နှံ့မှုများသို့ ကူးပြောင်းနေပါပြီ ။
လွင့်ပျံ့မှုများ မဖြစ်စေလိုပါ ။ လေပွေလှိုင်းများရှိတတ်သည် ။
ကြွပ်ကြွပ်အိတ်များ ပျံ့လွင့်ရာမှ သဘာဝပတ်ဝန်းကျင်ကို ညစ်ပေစေနိုင်ပါသည် ။
ပြည်တော်သာရမည် ။ ကြော်ငြာ ဆိုင်းဘုတ်များ မလိုပါ ။
ညီညွတ်စွာ အလုပ် လုပ်ရမည်ဟု ထင်ပါသည် ။
နေထိုင်သူများ၏ အနာဂတ်အတွက် အသင့်တော်ဆုံး အိမ်ပုံစံကို ဖန်တီးရပါမည် ။
မြန်မာ့ဂီတ သံချပ်များက တိုင်းပြည်ပြုပြင်ရေးကို အားပေးကူညီနိုင်ပါလိမ့်မည် ။
     ဆီကို ရေချိုး ၊ ဆေးရိုး မီးလှုံ ၊ စပါး တောင်လိုပုံ ၊
     ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ ၊ အမောပြေအောင် တိုက်ပါ မမ ၊
     ဒို့လူလေးများ ဆိုသလေး ၊ ဟေး လာ မောင်တို့ ၀ါး ။




ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်ကြပါစေ
( March ; 14 ; 2013 )

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter