STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Saturday, June 29, 2013

ဒီလိုပါပဲလေ ...



ဒီလိုပါပဲ ..
လှည့်ထွက်ခဲ့ရုံလေး
ငွေတွေ၊ ဂုဏ်တွေ ကတဲ့ပွဲမှာ
မေတ္တာနဲ့သာ ဖျော်ဖြေချင်သူ ငါ ဖြစ်နေတာကိုး ။

ပြောကြပါစေ ...
ဂျပိုး ကို လိပ်ဖြစ်အောင် လုပ်နိုင်တဲ့ခေတ်ကြီးမှာ
ငါကတော့ ဒေါင်းယောင်ဆောင်တဲ့ ကျီး မဖြစ်အောင် နေတတ်သူမို့ပါ ။

ဖြေရှင်းချက် မပေးတာမဟုတ်ခဲ့ပါဘူး..
အချိန်ဆိုတာ ကျော်ဖြတ်ပြီးသွားရင်
အားလုံးကို သိရှိသွားကြမှာလေ ..
ဒီ့အတွက် ငါ တကူးတက လုံ့လမစိုက်ခဲ့တာပါ ။

ကိုယ်ကျင့်တရားကို မြတ်နိုးတာ၊ တန်ဖိုးထားတယ်ဆိုတာ
ငါ့အတွက် ပါးစပ်ဖျားမဟုတ်ခဲ့တော့လည်း
ငါ ယုံကြည်ရာ ငါ့ နှလုံးသားမှာပဲပေါ့လေ ။

ဒီလိုပါပဲ .. ငါကတော့
မေတ္တာကို မိုး .. စေတနာကို စီး ပြီး
ငါ့လမ်း ငါ ဆက်လျှောက်သွားရုံလေးပါ ။


ထရီဆာ (Teresa)


3 comments:

  1. မေတ္တာ ၊ စေတနာနဲ့ လမ်းဆက်သူအတွက် လမ်းတွေပွင့်နေမှာပါ ...

    ReplyDelete
  2. ကဗျာစာမူလေး ပါလာတာ ကျေးဇူးအထူးပါရှင်၊ ဒီဇိုင်းပုံစံလေးကလည်း နှစ်သက်ဖွယ်လေးပါ ... :)

    ReplyDelete
    Replies
    1. ဒီဇိုင်းကို နှစ်သက်တယ်ဆိုတဲ့အတွက် ၀မ်းသာပါ၏။ စာမူပို့ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါ၏။

      ချမ်းမြေ့ပါစေ
      ကိုကြည်နိုင်

      Delete

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter