မက်လို့မဆုံးနိုင်တော့တဲ့
အိပ်မက်ရှည်များစွာ
ငါ့ကိုယ်ငါ .. အားနာလိုက်တာ
အသီးဖျင်း အပွင့်နာ
အပင်တွေသာ များလာတော့
မဆိုင်တဲ့မြေကြီး
အပြစ်ချည်းတင်ပစ်လိုက်တယ်
ောတင်ပံတွေတော့ ရှိပါရဲ့
ပျံရဲတဲ့သတ္တိ မရှိရှာ
အဲဒါ … ငါပေါ့
သုညနဲ့ဗလာ ဘယ်သူက ပိုသာသလဲ
ပြိုင်ကြမယ့်ပွဲမှာ
ဝလုံးက ဗိုလ်ဝင်စွဲသွားတယ်
ကောင်းကင်နဲ့ မြေကြီးကြား
ညပ်ညပ်သွားတဲ့
ငါ့ရဲ့စိတ်ကူးလေးတွေရေ
သေသေမွဲမွဲ
နှလုံးသားကို ချမရောင်းဘူးဟေ့ .. လို့
ခပ်မာမာကြွေးကြော်ရင်း
ဒီလိုနဲ့
ဒီလိုနဲ့ပဲ
ဓာတ်ဆီကတော့ ကုန်လုပြီ …။
မြတ်စိုး
0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...