STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Wednesday, July 17, 2013

ဥပဒေပြု ကောင်စီတွင် ကိုဖုန်းမော်၊ မ၀င်းမော်ဦး… သင်ရိုးညွှန်းတမ်းစာအုပ်တွင် ဖော်ပြခြင်း ရှိ/ မရှိ

ပြည်သူတစ်ဦး အနေဖြင့်
တိုက်ရိုက်မေးခွန်းတိုင်းရဲ့ အဖြေကို တိကျမှန်ကန်စွာ ဖော်ထုတ်ခြင်းပြုရန်…
ကမ္ဘာ့အလည်မှာ မြန်မာ အလှကြွယ်အောင် စစ်မှန်တဲ့ မြင့်မြတ်ခြင်းနဲ့ ပေးဆပ်ရန်…
အနာ၈တ်စာသင်ကျောင်းတွေမှာ အ, ပြီး မကျန်ခဲ့အောင်
ဖြစ်ရပ်မှန် သမိုင်းပြဋ္ဌန်းစာအုပ်များဖြင့် သင်ကြားခွင့်ရရှိနိုင်စေရန်…
ကျောင်းသားသမဂ အဆောက်အဦးနှင့် ကျောင်းသားကျောင်းသူ အခွင့်အရေးတိုင်းကို
အလေးပေး ဦးဆောင်နိုင်ခွင့်ပြုရန်…
သမ္မတကြီးရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူတွေ ယုံကြည်မှုအပေါ်
ခြေတော်တင် အလွဲသုံးစားခြင်းမပြုရန်…
ကာကွယ်ရေးနှင့် နိုင်ငံရေးတွင် ဗြဟ္မစိုရ်တရား ဦးထိပ်ထားပြီး
စွက်ဖက်ခြင်းများ ချုပ်ငြိမ်းရန်…
တောင်ပေါ်မြေပြန့်မခွဲခြားပဲ သာတူညီမျှ လွတ်လပ်စွာ နေထိုင်နိုင်မှုအတွက်
နှစ်ဦးနှစ်ဘက် လက်နက်ကိုင်ဖြေရှင်းခြင်းကို စွန့်လွှတ်ရန်…
အလုပ်လက်မဲ့ ပြဿနာအတွက် ဖြေရှင်းထားတဲ့ စက်မှုဇုံ အ၀န်းအ၀ိုင်းတွေကလည်း
လုပ်အားတန်ဘိုးကို အချိန်ရဲ့ စံနှုန်းအတိုင်း လုပ်ခလစာ တန်ဖိုးမြှင့်တင်ရန်…
လယ်လုပ်သူ လယ်ပိုင်ဆိုင်နိုင်ခွင့် တကယ့်အစစ်အမှန် ရရှိရန်…
အောက်ခြေ လူတန်းစားတွေ အဖြစ်ကို ကြားခံအဆင့်ထက် ကျော်ပြီး ပိုမိုသိမြင် လုပ်ဆောင်နိုင်ရန်…
အမည်မဖော်ပဲ သတင်းအမှားနဲ့ ကိုယ်ကျိုးရှာ ၀ိသမသမားတွေ ဖော်ထုတ်ရန်…
တကယ်တတ်၊သိ၊တော်သော ခေတ်ပညာတတ် လူငယ်၊ လူရွယ်များဖြင့်သာ
ဒီမိုကရေစီသစ်ကို တက်လှမ်းရန်…
လွှတ်တော် အဆောက်အဦကြီး လှပသလို
လွှတ်တော်အမတ်များ  စိတ်ဓါတ်အလှ ကိုယ်စီနှင့် အမှောင်ခေတ်ကို သင်ပုန်းခြေရန်…
နံရံလေးဘက် သံတိုင်ကြားက ယုံကြည်ချက် အမျိုးမျိုးဖြင့် အကျဉ်းကျကျန်ရှိနေသေးသော
အကျဉ်းသားအားလုံး လွှတ်ပေးရန်…
ယဉ်ကျေးသိမ်မွေးမှုအပေါ် ပန်းဦးဆက် အဓမ္မကျင့်ဝါဒ စိုးမိုးဗိုလ်ကျမှုတွေ ရပ်တန့်ရန်…
နည်းပညာခေတ်မှာ နည်းပညာ အသစ်များစွာဖြင့်
သံသယမပါပဲ တွဲလက်ညီတဲ့ စွန့်ဦးတီထွင်များကို လက်ခံကြိုဆိုရန်…
စရိတ်မျှပေး၊ ကျန်းမာရေးဆောင်ပုဒ်အတိုင်း ပြည်သူတွေ ကျန်းမာရေး၊ ပိုမိုအလေးထား ဂရုစိုက်ပေးရန်..
စနစ်ပြောင်းသော်လည်း မူ မပြောင်းသေးတဲ့ မြို့မျက်နှာဖုံးတွေရဲ့ ပူး၊ကပ်၊ညစ် ဇာတ်ထုတ်ကို ခွာချပစ်ရန်…
နိုင်ငံတော်သစ် စာသားအောက်မှာ ကိုယ်ကျင့်သိက္ခာအသစ်ဖြင့် ကမ္မည်းသစ်တင်ရန်…
တီဗီဖန်သားပြင်ပေါ်က လမ်းမကြီးတွေရဲ့ သာယာဖြောင့်ဖြူးပုံနှင့် ခေတ်မီအဆောက်အဦကြီးတွေအပြင်
လမ်းသွယ်လမ်းမြောင်ကြားက လူတန်းစား အလွှာအသီးသီးကို လည်း တင်ဆက်ရန်…
ပြည်သူမကြိုက်ရင် ဧရာဝတီကို သတ်မဖြစ်ဘူး စိတ်ဓါတ်ထားရန်..
တက္ကသိုလ် အဆောက်အဦကြီးတွေ ခမ်းနားဖို့ထက်
ခေတ်ပညာတတ် လူငယ်လူရွယ်တိုင်း ဆင်းရဲချမ်းသာမရွေး ပညာသင်ကြားနိုင်ခွင့်ရရှိရန်…
တစ်ခါတုန်းက အမိနိုင်ငံတော်စစ်စစ်ကို အဖတ်ဆယ်ရန်
တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ကျင့်သိက္ခာအသီးသီးနှင့် ထောင်မတ်ရန်…
ပြည်သူတစ်ဦး အနေဖြင့်
တတ်သိပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုကောင်စီတွင်
မှန်… ကန်… ဖြောင့်မတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ်
အတိတ်ရဲ့ အမှောင်ဘက်ခြမ်းဆီက
သူတို့ ကိုယ်ကျိုးစွန့် အသက်ပေးလှူသွားပုံ ပြန်မြင်ယောင်မိတိုင်း
အသက်မရှိတော့တဲ့ ခန္ဒာနဲ့ ကိုင်ထားတဲ့အလံ လေထဲလွင့်နေတာကြည့်ရင်း
ယုံကြည်မှုဖြင့် မျှဝေဖို့
ပြည်သူတွေ တကယ်လွတ်မြောက်သွားပြီလားဟု စောင့်ကြည့်နေမှာ အမှန်…။  

                                                      မိုးခါး

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter