STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Wednesday, July 17, 2013

ပြန်လည် ရေး၊ ညွှန်း၊ ရိုက်ကူးသည်

(၁)

လူသတ် လက်နက်များ
နတ်နန်းဘုံဆောင်
အမှောင်ထုတွင်းမှ တိုးထွက်လာ…။
(၂)

သဲသဲမဲမဲ...
ကျည်ဆန်များ
အကြောက်တရားဖြင့်...ပစ်လွှတ်
အာဃာတ၊ မာနဖြင့်....ပျံဝဲ
လောဘ၊ ဒေါသဖြင့် ....ကျဲချ
ဝန်တိုပူပန်မှုဖြင့်.....သွန်လောင်း…
အငြိုးတကြီး…   ။

(၃)
မရိုးတဲ့ လက်နက်ဆန်းတွေက
တစ်ချက်ပစ်ရင် ခေတ်အဆက်ဆက် သေစေနိုင်စွမ်းသတဲ့
ဒါပေမယ့်...
အချိန်တန်ရင်  ရွှေဘ တပြန် နိုင်မှာ သေချာတယ်မဟုတ်လား
လာရာလမ်းဆီ မှန်းဆမျှော်ရင်း
ပြီးပါပြီ စာတမ်းကြီး ပေါ်လာလေမလား
သဲထိတ်ရင်ဖို...  ။       ။

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter