STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Wednesday, July 17, 2013

အတောင်ပံ ညှပ်ထားတဲ့ ငှက်များ

အနာဂတ် မာလာခွံသေးသေးလေးထဲ
အတ္တ၊ ဆန္ဒတွေ တရဟော သွန်ချ
ရလိုမှုတွေ အာသာငန်းငန်း
တပ်မက်မှု မျက်လုံးဝင်းဝင်းနေ
အနာဂတ်ကို မီးသင့်စေခဲ့။
ချီးကျူးထောပနာ ဇောကပ်မှုတွေနဲ့
စင်မြင့်ပေါ် အတင်း အဓမ္မတွန်းတင်
မွန်းကျပ်၊ လှောင်ပိတ်၊ အကျဉ်းကျ
ပျော်ရွှင်မှုဆိုတာလည်း မှန်ပုံးထဲက ငါးတွေလို
ဘောလုံးကန်ချင်တယ်၊ ရေကူးချင်တယ်၊ စွန်လွှတ်ချင်တယ်
သားရေကွင်းပစ်ချင်တယ်၊ လိုက်တမ်း ပြေးတမ်း ကစားချင်တယ်
ဘယ်မှာလဲ ငယ်ဘ၀ အိပ်မက်တွေ
ဘယ်မှာလည်း ပျော်ရွှင်ကြည်နူးမှုတွေ
ဘယ်မှာလည်း နွေးထွေးကြင်နာမှုတွေ
ဘယ်မှာလည်း မြက်ခင်းစိမ်းစိမ်းတွေ
ဘယ်မှာလည်း လတ်လတ်ဆတ်ဆတ် လေပြေလေညင်းတွေ
ဘယ်မှာလည်း… လွတ်လွတ်လပ်လပ် လယ်ကွင်းပြင်ကျယ်တွေ
ပထမ၊ ဒုတိ၊ တတိယ…
သက်မဲ့ဆုတံဆိပ်တွေဆိုတာ
ဧည့်ခန်းနံရံထက် ဘီရိုပေါ်၊ ရှိုးကေ့စ်ထဲ
စားဝင်အိပ်ပျော် ပုံပြင်တစ်ပုဒ်လို
ငြိမ်သက်စွာ အေးစက်တိတ်ဆိတ်လို့
သားတို့နေထိုင်တဲ့ ကမ္ဘာကြီးက
ကမ္ဘာလောကကြီးရဲ့ နောက်ထပ်ကမ္ဘာတစ်ခုလား
မျက်နှာထားတင်းတင်းနဲ့ ချစ်ခြင်းကို ကွယ်ဝှက်မထားကြပါနဲ့
လွယ်အိတ်သေးသေးလေးထဲက အနာဂတ်ဟာ..
လေးလံလွန်းလှ ချည်ရဲ့…။         

                                                            မောင်ရင်စစ်

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter