STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Wednesday, July 10, 2013

တို့ဘ၀ဟာ


တို့ဘဝဟာ … ပြေးလမ်းပေါ်က ပြိုင်ဘီးတွေပါ။
လိမ့်ထား …လိမ့်ထား… မရပ်စေနဲ့ လိမ့်ထား။
လိမ့်တာရပ်ရင် လဲလိမ့်မယ်…
သက်လုံကောင်းဖို့လိုတယ်… ဇွဲရှိဖို့လိုတယ်…။
ပန်းတိုင်ရောက်မှ လိမ့်တာရပ်လို့
တို့ လဲလိုက်ကြစို့။

တို့ဘဝဟာ … လေပြင်းထဲက ဖြတ်စွန်တွေပါ။
လျှော့ထား…လျှော့ထား… ပြန်မရစ်နဲ့ လျှော့ထား။
လျှော့ကြိုးကုန်ရင် ပြတ်လိမ့်မယ်…
ကြိုးရှည်ရှည်ရှိဖို့လိုတယ်… စိတ်ရှည်ရှည်ရှိဖို့လိုတယ်…။
လျှော့ကြိုးကုန်မှ လျှော့တာရပ်လို့
တို့ ပြတ်လိုက်ကြစို့။

တို့ဘဝဟာ … ဖယောင်းတိုင်တွေရဲ့ မီးတောက်တွေပါ။
လောင်ထား… မြိုက်ထား… မငြိမ်းစေနဲ့ လောင်မြိုက်ထား။   
လောင်တာရပ်ရင် ငြိမ်းလိမ့်မယ်…
လောင်မြိုက်ရဲဖို့လိုတယ်…လင်းလက်ရဲဖို့လိုတယ်…။
လောင်စာကုန်မှ လောင်တာရပ်လို့
တို့ ငြိမ်းလိုက်ကြစို့။         ။


                                                 ဖိုးရွှေညီမှိုင်း
                                                 (၂၀၁၃၊ ဇွန် ၁၅)

1 comment:

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter