ကြေးစည်ထု လူစုနေတာ ဆန္ဒပြဖို့မဟုတ်ဘူး
ရုန်းရင်းဆန်ခတ်ဝင်လာပြီး ငြိမ်သက်တိတ်ဆိတ်စွာ
လူအခွံချည်းသက်သက် ပြန်လည်ထွက်ခွာဖို့
အချက်ပေးလိုက်တာပါ
ကားပေါ်ကို အလုအယက်
တုတ်တုတ်ပေါ်ကို အလုအယက်
ဒိန်းဒေါင်းပေါ်ကို အလုအယက်
စက်ဘီးတွေ တိုးတိုးကြိတ်ကြိတ်
ဆိုင်ကယ်တွေ စလိုးရိုက်ချက်နဲ့ စတင်ထွက်ခွာ
စည်တာလည်းရှိ မစည်တာလည်းရှိရဲ့
ယပ်တောင်၊ ရေသန့်ဘူး၊ ခေါင်းလျှော်ရည်ထုပ်
လူမှုရေး စီးပွားရေး ဘာသာရေး
သာသနာရေး
တိုင်းရေးပြည်ရေး
လက်ပံတောင်းတောင်အရေးမှ
ရပ်ကွက်ထဲ ဟိုအရေး ဒီအရေးတွေထိ တွတ်ထိုးရင်း
ကိုယ့်အလှည့်ကို မေ့
သံဝေဂကို မေ့
သံဝေဂကို မေ့
ငါးပါးသီလကို မေ့
မမေ့သင့်တာတွေကို မေ့ … နဲ့
ယပ်တောင်လေးပဲ ကျန်ခဲ့တယ်။
မောင်ရင်စစ်
သြော် ယပ်တောင်လေးပဲ ကျန်ခဲ့တယ်
ReplyDelete