မေမေရေ…
ညတာရှည်လွန်းသလောက်
ဇာတ်ကလည်း နာပြီးရင်းနာတယ်…။
ငိုကြွေးသံတွေနဲ့ စီးဆင်းနေတဲ့
မအိုခင် အရွယ်ကျနေတဲ့ မိခင်
နာကျင်စွာ ညည်းငြူနေကြသော
အိုင်းအနာ ဗရဗွ တောတောင်များ
ကော်ဇောနီပေါ် catwalk လျှောက်ပြနေတဲ့
ခေတ်ပျက် သူဋ္ဌေးများ၊ သွားကြားထိုးတံများ
မျက်ရည်စက်တွေနှောတဲ့
PH7 ကို သောက်လေ ငတ်မပြေတဲ့
ဒရက်ကူလာများ
ပိဋကတ်ကို လောင်တိုက်သွင်းတဲ့
ထုံးဖြူဖြူ လက်ညှိုးများ
ခေါင်းခေါက်ပြီးမှ ကန်တော့တဲ့
ကြာဖူးယောင်ဆောင် လက်များ
ကျွန်တော် မငိုပဲ မျက်ရည်လည်မိရဲ့။
ချိုးဖြူငှက်ကလေးက မေးတယ်
သားရဲ ပေါတဲ့ မီးပင်လယ် ငရဲကွင်းထဲ
‘ကျွန်တော် ဘယ်နေ့ပျံသန်းခွင့်ရမလဲ မေမေ’ ။ ။
ကိုကွေကာ

0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...