STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Saturday, December 29, 2012

ဧရိယာ ပြင်ပ အလွန်





စကား ၊ ပြောပါများလျှင်
စကားထဲက ဇာတိပြသတဲ့
စကား ၊ တတ်တိုင်း ပြောတာကောင်းသလား။

စကား ၊ ကားတတ်တယ်
စကား အပ်ကြောင်းထပ်
စကားကပ်၊ စကားကော်၊ လှော်လှော်လှယ်လှယ်
စကားရောင်းဝယ် သင့်ရဲ့လား။

စကားထွေရာ ၊ ငါ့စကားနွားရ
စကားလုံးတွေ ဖောင်းပွ
စကားရည်လုနေတာလား။

စကားတောင်စား
စကားတက္ကသိုလ် ဆိုခဲစေ၊ မြဲမနေသင့်ဘူးလား။

စကားအိုး၊ စကားလက်တန်ရှည်
စကား ရှုံ့ချည်နှပ်ချည် ပြောကောင်းလား။

စကားပြည်တန် စကားမှန်လျှင်
စကား ၊ ပြောပြီးမေ့ပျောက် ဖြစ်သင့်လား။

စကား တိုးတိုးပြောပါ
စကား များသလောက် မကြားရလို့ပါ ။    ။

                                                             သတိုး




1 comment:

  1. wowwwwww
    ကောင်းလိုက်တဲ့ ကဗျာလေး

    ReplyDelete

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter