STARTING OUR WEBSITE
Published at 1st. JANUARY. 2013
Showing posts with label ရင်သွေးကဗျာ. Show all posts
Showing posts with label ရင်သွေးကဗျာ. Show all posts

Friday, September 6, 2013

ထည့်စရာ


အားလုံးစားရန် ထမင်းကို ချက်တာ
ပေါင်း အိုး ပါ
ငါးနဲ့ ကြက်သား ကြော်လို့ စားတာ
ဒယ် အိုး ပါ
တို့စရာ ၊ ငပိဖျော်ကာ
ပန်းကန်ခွက်ယောက် ကြွေမျိုး စုံလင်စွာ
ရေသောက်တာ ၊ ဖန်ခွက်ပါ ။

ရုံးတက်ချိန်မှာ ထမင်း ၊ ဟင်း ယူတာ
စတီး ချိုင့် မှာ
တို့များ ကိုယ်စီ ရေချိုးဖို့ရာ
ကော် ဖလား ပါ
ဘုရားတင်ကာ ၊ ပန်းစုံစွာ
ရေများ သိုလှောင် ညောင်ရေအိုး ယှဉ်ကာ
ရေအိုးမှာ ၊ စဥ့်ထည်ပါ ။

ငြိမ်းစိုးသူ
( 5 ; 9 ; 2013 )

Tuesday, August 13, 2013

ပုပ္ပါး



ဟိုရှေးချိန်မှာ မီးသင့်ချော်ရည်
ပူ လောင် နေ
ငြိမ်သွားတဲ့အခါ မြေသြဇာတွေ
ပေါ် လွင် နေ
သစ်ပင်တွေ ၊ စိမ်းစိုပြေ
စုံလင်ဝေဆာ သာယာ မိုးနဲ့ မြေ
မြင့် ပါ ပေ ၊ ထူး ပါ ပေ ။

ပုပ္ပါးတောင်ဟာ နှစ်သန်းများစွာ
ရှင် သန် ကာ
မျိုးဂုဏ်မြန်မာ မြင့်မားဖို့ရာ
တည် နေ တာ
မွေ့ပျော်စရာ ၊ လေ့လာစရာ
သာသနာ့ဂုဏ်ရည် နေခြည်လို လင်းဖြာ
ဦးခိုက်ကာ ၊ ဖူးထိုက်စွာ
ညွှတ်နူးစွာ ၊ ကြည်နူးစွာ ။



ငြိမ်းစိုးသူ
( August ; 3 ; 2013 )

Friday, April 12, 2013

နှစ်ဆန်းချိန် နဲ့ အလှူတော်


( ရင်သွေး ကဗျာ )

နှစ်ဟောင်းကိုခွါ အသစ်ပြောင်းဖို့လေ
ကြို ဆို နေ
ပက်လောင်းကာသာ ကြည်သန့်တဲ့ရေ
နွေ ပူ ပြေ
ဒို့တိုင်းမြေ ၊ ယဉ်ကျေးနေ
ရိုးရာအမွေ ဘယ်ခါ မပျက်ဖို့လေ
ပျော်မြူးနေ ၊ ကြည်နူးနေ ။

မုန့်လုံးရေပေါ် အတူလုံးကြတာ
ဝေ စည် ဖြာ
သက်ကြီးရွယ်အို ကန်တော့ကြကာ
ဂုဏ် ယူ တာ
ကုသိုလ်ရှာ ၊ နှစ်ကြိုမှာ
အလှူတော်ပွဲတွေ ပါဝင်ဆင်နွှဲကာ
မေတ္တာရွာ ၊ ဒို့မြန်မာ ။

ငြိမ်းစိုးသူ
( April ; 10 ; 2013 )

Wednesday, February 20, 2013

လူသားကမ္ဘာ တို့ကမ္ဘာ

.

.
သက်ရှိ ကမ္ဘာ ရှင်သန်လာသူ
နု ထွေး ကြူ
ယဉ်ကျေးပျူငှာ ဆက်ဆံပြုမူ
ညီ မျှ တူ
သူလည်း လူ ၊ ကိုယ်လည်း လူ
မခွဲခြားဂုဏ်ရည် အသားရည် မည်း နဲ့ ဖြူ
ကြိုးစားသူ ၊ ပိုင်ခွင့်ယူ ။

ကျန်းမာစေရာ စောင့်ရှောက်လို့သာ
ပ ညာ ရှာ
သူရောကိုယ်ပါ ညှိနှိုင်းလို့သာ
ကူ ညီ ကာ
ကြင် မေတ္တာ ၊ ရင် သစ္စာ
ငြိမ်းချမ်းသာယာ ပိုမို ဖွံ့ဖြိုးလာ
ရိုးသားကာ ၊ ညီညွတ်မှာ ။

ငြိမ်းစိုးသူ
( 16 ; 1 ; 2013 )



Flag Counter