သူမအမည်က လော်ရိန်းဗဲ့လ်စ်။ ခရီးသွားလုပ်ငန်း အေဂျင်စီတစ်ခုမှ ၀န်ထမ်းတစ်ယောက်ဖြစ်သည်။ ယခုဤသဘောင်္ဖြင့် လိုက်ပါလာခြင်းက သူမတို့၏ အေဂျင်စီနှင့် ဆက်သွယ်၍ သဘောင်္ပေါ်၌ လိုက်ပါစီးနင်းလာသော ခရီးသည်များ၏ လိုအပ်ချက်များအား သဘောင်္နှင့် ဆက်သွယ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးရန်ဖြစ်သည်။
ရာသီဥတုက ကြည်လင်သန့်စင်နေသည်။ သို့သော် သဘောင်္ဝမ်းဗိုက်၌ ချို့ယွင်းမှုတစ်ခု ဖြစ်ပေါ်လာကာ ရုတ်တရက် စတင်နစ်မြုပ်တော့သည်။ အနီးဆုံးမြို့၏ ကမ်းခြေကို လှမ်းမြင်နေရသည်။ သဘောင်္မှ ရေဒီယိုအော်ပရေတာက ထိုမြို့ရှိ ဆိပ်ကမ်းအာဏာပိုင်သို့ S. O. S Message လှမ်းပို့သည်။ ဆိပ်ကမ်းအာဏာပိုင်မှ သဘောင်္ပေါ်ရှိ ခရီးသည်များကို ကယ်တင်ရန် ရဟတ်ယာဉ်တစ်စီး စီစဉ်၍ ချက်ချင်းစေလွှတ်လိုက်သည်။
ရဟတ်ယာဉ်မှာ တစ်စီးသာရှိ၍ ခရီးသည်များကို အခေါက်ခေါက် သယ်ပို့ပေးရဖို့ ဖြစ်လာသည်။ မည့်သည့်ဘေးအန္တရာယ်ကို၊ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသ၌ ကြုံတွေ့ရသည်ဖြစ်စေ အသက်ရှင် လွတ်မြောက်ရန် လမ်းစ ပေါ်လာပြီဆိုလျှင် ကလေး၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများကို ဦးစားပေး၍ လွတ်မြောက်စေသည်မှာ နိုင်ငံတကာ ဓလေ့ထုံးတမ်းတစ်ရပ်ပင်။
လော်ရိန်းဗဲ့လ်စ်က သူမလိုက်ပါသင့်သော ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများသာပါသော အခေါက်တွင် လိုက်ပါမသွားပါ။ သဘာင်္စတင်နစ်မြုပ်ကတည်းကပင် ဒဏ်ရာရသူများအား ကူညီခြင်း၊ ထိတ်လန့်စိုးရွံ့နေသူများအား အားပေးခြင်း၊ ဘေးအန္တရာယ်ဖြစ်ပွားနိုင်သော နေရာများရှိ ခရီးသည်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခြင်းတို့ကို အခြားအမျိုးသားများ၊ သဘောင်္သားများနှင့်တန်းတူ လုပ်ဆောင်နေခဲ့သည်။ သဘောင်္နစ်မြုပ်လုဆဲဆဲတွင်မှ ထွက်ခွာလာခဲ့ရသော ရဟတ်ယာဉ်ပေါ်တွင်မူ သူမနှင့် ယောက်ကျားသားများသာ ပါတော့သည်။ စိတ်ပျက် ၀မ်းနည်းစရာကောင်းသည်မှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများသာပါသော ရဟတ်ယာဉ် တတိယခေါက်တွင် ထိုသဘောင်္၏ တာဝန်အရှိဆုံး ဂရိလူမျိုး သဘောင်္ကပ္ပတိန် လိုက်ပါသွားခြင်းပင်။
နောက်ပိုင်းတွင် သူ့အသက်ကို ပဓာနမထားပဲ အခြား တစ်ပါးသောသူများ အတွက်သာ ဦးစားပေး လုပ်ဆောင်ခဲ့သော လော်ရိန်းဗဲ့လ်စ်အား ခရီးသွားလုပ်ငန်း အေဂျင်စီသာမက သူမ၏ နိုင်ငံတော်အစိုးရကပါ ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။ ကပ္ပတိန်မပီသခဲ့သည့် ဂရိလူမျိုးကိုမူ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သောကြောင့် သူ့နိုင်ငံက သူ့အား သေဒဏ်ပေးခဲ့သည်။
**************
``တို့လည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတာပဲ။´´ အထက်ပါ ကမ္ဘာကျော် သတင်းဆောင်းပါးကို ဖတ်ပြီးနောက် မြန်မာပင်မကျော်ခဲ့သော မိမိတို့၏ တစ်ခါတုန်းက ဖြစ်ရပ်ကိုလည်း ပြန်သတိရနေမိသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဆင်းရဲမှု တိုက်ဖျက်ရေး စီမံကိန်းတွင် တာဝန် ထမ်းဆောင်ခဲ့စဉ် ၂၀၁၁ ခုနှစ်ခန့်က ဖြစ်ပါသည်။ စာရေးသူတို့၏ မြစ်ဝကျွန်းပေါ်ဇုံတွင် ဘိုကလေး၊ မော်ကျွန်း၊ လပွတ္တာ ၃ မြို့နယ် ပါဝင်ပြီး လစဉ် မန်နေဂျာများ ပြန်လှန်သုံးသပ်မှု အစည်းအဝေး (Monthly Manager Review Meeting) ကို တစ်လလျှင် တစ်မြို့ အလှည့်ကျ ကျင်းပသောပုံစံကို ကျင့်သုံးသည်။ စာရေးသူမှာ လပွတ္တာသားဖြစ်သော်လည်း ဘိုကလေးတွင် Branch Manager အဖြစ် တာဝန်ထမ်းဆောင်နေရသော ကာလဖြစ်သည်။ အမည်မမှတ်မိတော့သော ထိုတစ်လတွင် ဖေါ်ပြပါ အစည်းအဝေးကို လပွတ္တာတွင် ကျင်းပရန် စီစဉ်ထားပါသည်။ မရောက်တာကြာပြီဖြစ်သော ဇာတိမြို့သို့ ပြန်ရတော့မည်ဖြစ်၍ ထိုခရီးစဉ်အတွက် အတက်ကြွဆုံးမှာ စာရေးသူ ဖြစ်ခဲ့ပါလိမ့်မည်။
ရုံးချုပ်ရှိရာ ဘိုကလေးမှ နံနက် ၈ နာရီတွင် သဘောင်္ (အရွယ်အစား အတန်အသင့် ကြီးမားသည့် စီမံကိန်းပိုင် ပဲ့ထောင်) စတင်ထွက်ခွာ၍ မော်လမြိုင်ကျွန်းမြို့မှ မန်နေဂျာများကို ၀င်ခေါ်ပြီး လပွတ္တာသို့ တောက်လျှောက် မောင်းလာခဲ့သည်။ စာရေးသူတို့ စီမံကိန်းမှာ ကိုယ်စိတ်ဖိစီးမှု အတော်များသော စီမံကိန်းဖြစ်သည်။ ယခုလို သက်ဆိုင်ရာ လုပ်ငန်းတာဝန် ဌာနများမှ ခဏတာ လွတ်မြောက်လာသော အခါမျိုးဖြစ်၍ မန်နေဂျာများနှင့် အကြီးအကဲများမှာ ပေါ့ပေါ့ပါးပါး ဖြစ်နေကြပါသည်။ မန်နေဂျာအများစုမှာ လူငယ်လူရွယ်များဖြစ်၍ ပိုပြီးလွတ်လပ်ပျော်ရွှင်နေကြသည်။ စာရေးသူမှာမူ မြို့မှ မိသားစုနှင့်တွေ့ရန်၊ သူငယ်ချင်းများနှင့်တွေ့ရန် စိတ်စောနေမိ၍ စကားဝိုင်းအတွင်း မပါဝင်တော့ပဲ သဘောင်္ဦးတွင် ထွက်ထိုင်နေမိသည်။
ညနေ ၄ နာရီကျော်ကျော်တွင် လပွတ္တာမြို့ကို လှမ်းမြင်နေရသော မြစ်ခွဆုံသို့ရောက်လာပါသည်။ ထိုနေရာသည် ရွေးမြစ်နှင့် ချောင်းကျယ်ကြီးနှစ်ချောင်းစုဆုံကြသောနေရာဖြစ်၍ ရေကျသောအချိန်နှင့် ညနေတောင်လေတိုက်သောအခိုက် ဆုံလျှင် လှိုင်းအလွန်ကြီးတတ်ပါသည်။ ထို့ပြင် ထိုနေရာသည် လှိုင်းကျဲမဟုတ်ဘဲ လှိုင်းစိတ်များသာ ရှိသောနေရာ ဖြစ်ပါသည်။ လပွတ္တာမြို့နယ်၏ ရေကြောင်းခရီးများထဲမှ နာမည်ဆိုးဖြင့် ကျော်ကြားနေသောနေရာတစ်ခုလည်း ဖြစ်ပါသည်။ ချောင်းဝကျယ်ကြီးမှ အထွက် စာရေးသူကြည့်မိလိုက်သော အချိန်တွင် လှိုင်းခေါင်းဖြူလေးများသာ မြင်နေရသည်။ ရာသီဥတုမှာလည်း အလွန်အမင်းကြည်လင်ကောင်းမွန်နေပြီး နေရောင်ခြည်မှာ အထူးပင်တောက်ပနေခဲ့သည်။ ထိုခဏမှာပင် သင်္ဘောတွင်းမှ ၀န်ထမ်းအမျိုးသားတစ်ယောက် ထွက်လာပြီး ကျနော့်အား Life Jacket (သက်ကယ်အင်္ကျီ) ၀တ်နည်းသင်ပြခိုင်းပါသည်။ သူ့အားစိတ်ရှည်လက်ရှည်သင်ပြပေးခိုက်မှာပင် သင်္ဘော၏ ပြင်းထန်သော လှုပ်ခါမှုကို ခံစားလိုက်ရသဖြင့် ရှေ့သို့ကြည့်လိုက်ရာ စိုးရိမ်စရာ အခြေအနေကို တွေ့လိုက်ရသည်။ ခပ်ဝေးဝေးမှ ကြည့်စဉ်က လှိုင်းခေါင်းဖြူလေးများမှာ ဧရာမလှိုင်းကြီးများ၏ လှိုင်းထိပ်များဖြစ်နေပါတော့သည်။
သင်္ဘောဝမ်းတွင်းမှ အော်ဟစ်သံများ ဆူညံပွက်နေပါသည်။ ကျနော်သတိထားမိလိုက်သည့်အချက်မှာ စာရေးသူသင်ပေးသော နည်းဖြင့် သက်ကယ်အင်္ကျီ အစမ်းလေ့ကျင့်ဝတ်ဆင်ထားသော အမျိုးသားမှာ သင်္ဘောထဲတွင် အမျိုးသမီးအများစုပါမှန်းသိလျက်နှင့် သက်ကယ်အင်္ကျီကို ပြန်မချွတ်တော့ပါ။ အခြေအနေမှာ `ငါ့နောက်ဆုံးနေ့ပဲလား´ ဟု တွေးနေရသည့် အချိန်အခါကို ရောက်နေပေပြီ။ သင်္ဘောဘေးပြတင်းပေါက်များမှ ကြည့်လျှင် မြစ်ကမ်းစပ်ကို မမြင်ရပဲ ကောင်းကင်ကိုသာ ကွက်ကွက်ကလေး မြင်နေရတော့သည်။ ပို၍ စိတ်ဆင်းရဲစရာ တစ်ခုမှာ ယခုမောင်းလာသူသည် ဤလမ်းကြောင်းကို တစ်ခါမှ မမောင်းဖူးသေးသော ဘိုကလေးသားတစ်ယောက်ဖြစ်နေသည်။ စိုးရိမ်စိတ်ဖြင့် သင်္ဘောကို နောက်ပြန်လှည့်ရန် ကွေ့လိုက်သောအခါ သင်္ဘောမှောက်ရန် ကျိန်းသေသလောက်ဖြစ်သွားသည်။ စာရေးသူမှာမူ ဤမြစ်ကြီး၏ အလယ်လောက်တွင်မှ လှေကို နှစ်မြှုပ်၍ သူငယ်ချင်းများနှင့် မြစ်လယ်ခေါင်ကြီးတွင် တအုန်းအုန်းကူးခဲ့သော ၀ါဆိုလပြည့်ကာလများကို ပြန်သတိရလိုက်သည် ဖြစ်ရာ စိုးရိမ်စိတ်အတော်လျော့ပါးသွားပါသည်။ အတန်ကြာသောအခါ၌ ပဲ့ထောင်မောင်းသူမှာ လုပ်သက်တော်တော်များများ ရှိသူဖြစ်ရာ သူ့အတွေ့အကြုံဖြင့် သင်္ဘောကို ထိမ်းသိမ်းနိုင်ခဲ့ပါသည်။
ဤအခိုက်အတန့်ကလေးအတွင်း၌ သင်္ဘောအတွင်း၌ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းတစ်ခု ဖြစ်သွားခဲ့ပါသည်။ သင်္ဘောနောက်ဖက်ပိုင်းတွင် နေခဲ့ကြသော စီမံကိန်း၏ ဘဏ္ဍာရေးအရာရှိ အိမ်ထောင်သည်အမျိုးသမီးနှင့် Branch Manager ငယ်ရွယ်သူမိန်းကလေးတို့ အလှည့်ရောက်သောအခါ သက်ကယ်အင်္ကျီမှာ တစ်ထည်သာရှိတော့သည်။ အိမ်ထောင်သည် အမျိုးသမီးက ၀ုန်းဒိုင်းကျဲပလူပျံ၍ ရောက်လာသော အင်္ကျီ ကို `ရော့ယမင်း ယမင်းတို့က အသက်ငယ်သေးတယ် ဆရာမတို့က အသက်ကြီးပြီ သေပျော်ပြီ´ ဟု ဆိုပြီး မျက်နှာ ချင်းဆိုင်မှ မိန်းကလေးဆီ ထိုးပေးသည်။ မိန်းကလေးကလက်မခံပါ။ `ဆရာမ ဆရာမမှာ သားသမီးနှစ်ယောက်ရှိတယ်။ သူတို့အတွက် ဆရာမ အသက်ရှင်ရဦးမယ်။ သမီးတို့က တစ်ကိုယ်ရေတစ်ကာယသမားတွေ´ ဟုပြောပြီး သက်ကယ်အင်္ကျီ ကို ပြန်တွန်းပို့သည်။ သူတို့နှစ်ယောက် သက်ကယ်အင်္ကျီ ကို အပြန်ပြန်အလှန်လှန် တွန်းပို့နေသည်မှာ လှိုင်းအင်အား နည်း ပါးသွားသော အခြေအနေတည်ငြိမ်သည့် နေရာသို့ ရောက်သည့်တိုင်အောင်ပင်။ စာရေးသူ မှတ်မိသလောက်မှာမူ သေမင်းခံတွင်းဝ၌ စာရေးသူတို့၏ သင်္ဘောရောက်ရှိခဲ့သည်မှာ ၈ မိနစ်လောက်ကြာမည်ထင်ပါသည်။
ထို ၈ မိနစ်အတွင်းသင်္ဘောထဲ၌ ဘာများဖြစ်ပွားခဲ့ပါသနည်း။ အချို့က သူရဲဘောကြောင်သော အပြုအမူများကို ဖော်ပြခဲ့ပြီး အချို့ကမူ လူအများစုမလုပ်နိုင်သော အပြုအမူမျိုးများဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်က ဘဏ္ဍာရေး အရာရှိ အမျိုးသမီး၏ အသက်မှာ ၄၀ ကျော်ကျော်သာရှိပြီး Branch Manager မိန်းကလေး၏ အသက်မှာ ၃၀ ကျော်ခါစသာရှိသေးပါသည်။ ထိုအသက်အရွယ်လောက်နှင့် မည်သူမဆို သေချင်လိမ့်ဦးမည် မဟုတ်ပါ။ သို့ဆိုပါလျှင် သူတို့သည် …….
သူတို့၏ တာဝန်အရမဟုတ်ဘဲ နှလုံးသားဖြင့်ရင်း၍ အသက်ကို ရင်း၍ ပြုမူခဲ့သော ဤဖြစ်စဉ်အတွက် စီမံကိန်းမှ မည်သည့်ဆုတံဆိပ်မှ ပေးအပ်ခဲ့ခြင်း မရှိပါ။ စာဖတ်သူတို့ကသာ သူတို့နှင့် ထိုက်တန်သော အမည်နာမများပေးနိုင်ခဲ့ပါလျှင် သူတို့အတွက် အကောင်းဆုံး ဆုတံဆိပ်ဖြစ်ပါလိမ့်မည်။
(Micro – finance Project, ဧရာဝတီဇုံမှ ကွယ်လွန်သွားရှာပြီဖြစ်သော ဘဏ္ဍာရေးမန်နေဂျာ ဒေါ်မိမိစန်းနှင့် ယခု ထိုစီမံကိန်းတွင်ပင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော ဒေါ်ယမင်းအေးတို့အား ဂုဏ်ပြုလျက်…..)
ရီဇော်ဟိန်း








အချိန်ဆိုတဲ့အရာဟာ လူသားတို့ရဲ့ ဂုဏ်ရည်ကို မှတ်တမ်းတင်နေတဲ့အရာပါ ။ အချို့ကတော့မှေးမှိန် ၊ အချို့ကတော့ လင်းလက် နေကြတာတော့ ကွာမှာပါ ။ ဒါပေမယ့် အရောင် အနုဖြစ်စေ ၊ အရင့်ဖြစ်စေ ရင်တွင်းကိုရောက်ဖို့ကတော့ လူသားချစ်စိတ်ပဲဖြစ်မယ်ထင်ပါရဲ့ ...
ReplyDelete