STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Thursday, February 21, 2013

အုန်းလက်ခြောက်


အုန်းပင်ပေါ်မှာ

သူ ...

နောက်ဆုံးနေသွားတဲ့အကြောင်း

အသံကောင်းဟစ်ပြီး အောက်ကို ခုန်ဆင်းလာတယ် ။

မြေပေါ်မှာ

အရိုးက အရင်ကျပြီးကာမှ

အဖျားက နောက်မှကျလာတဲ့အသံ

ငါ့ အာရုံကို ညှော်တိုက်တယ် ...။

လမ်းမပေါ်မှာ

မရေတွက်နိုင်တဲ့ ကားတွေရဲ့ ပြေးလွှားသံတွေ ကွယ်ပျောက်

တစ်စီး တလေမှ စကားမဟတဲ့အချိန် ...

အိမ်တွေထဲမှာလည်း

ညအက္ခရာဟာ

သူ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြတော့ ၊

လောက လူသားတွေ

ညအဓိပ္ပါယ်ထဲ စွေ့ ခနဲ ခုန်ကူးတဲ့အချိန် ...

ခုတလော ... ငါတော့

မနက်လင်းရင်

နေအတော်မြင့်မှ နိုးနိုးနေတယ် ...

အလင်းတွေပဲ

ကိုယ့်ဆီက ဖဲ့ဖဲ့ပေးလိုက်ရတာသာ အဖတ်တင်တယ် ။
.
. 
.
ခင်မင်လေးစားလျှက် -   
ဇင်မင်းထွန်း `` ၀ဿန်မြေ ´´

2 comments:

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter