.
စိတ်အိုက်တယ်
စိတ်လိုလက်ရ
လမ်းလျှောက်ဖြစ်တယ်။
ကောလဟာလထူတဲ့အရပ်မှာ
အထင်ကြီးစိတ်နဲ့
လိုရာဆွဲတွေးဝါဒ
ရိုးသားမှုကို
အပြစ်ရှာနေတာ မရိုးသားလို့ပဲ မဟုတ်လား
မရိုးသားလို့
အပြစ်ရှာနေတာ ရိုးသားမှုပဲ မဟုတ်လား
လက်တို့ပြီး
သတင်းမေးနေရတယ်။
အပစ်အခတ်
မရပ်သေးတဲ့ စစ်ပွဲတွေရပ်ဖို့
အသက်ပေါင်းများစွာကယ်ဖို့
စုပေါင်းအား လိုတယ်။
(ကမ္ဘာ့အရေး
တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ် မဟုတ်လား)
လူတော်တွေ
များတဲ့ခေတ်မှာ
ကျွန်တော်
ဝဋ်ဒုက္ခများစွာနဲ့
လက်ဝှေ့ထိုးတယ်
လက်ခုပ်သံတွေထဲမှာ
ရင်ခုန်သံတွေပါတယ်
လျှံတက်လာတဲ့
အားပေးမှုဟာ
နားထောင်လွယ်သော
ဗုံသံလား
ဘ၀ဆိုတာ မတ်တပ်ရပ်လိုက်
ချော်လဲလိုက်
အဲသလို
….
ဖြစ်နေတယ်။ ။
(ချောမွှေး)







မီးတောက်နေတဲ့ ကမ္ဘာကြီးကို လာရောက် ခံစားသွားပါတယ်ခင်ဗျာ။
ReplyDeleteကဗျာချစ်သူ