ကဗျာဆရာ ရီဇော်ဟိန်းရဲ့ ရေးပြီးခဲ့သော၊ ရေးလက်စ .. စာမူအဟောင်းတွေထဲက တစ်ပုဒ်ပါ။ လွန်ခဲ့တဲ့ (၂) နှစ်က သူရေးခဲ့တာလေးကို ပြန်ရှာတွေ့လို့ လက်ရေးမူနဲ့တကွ တင်ပေးလိုက်ပါတယ်။
.

.
ဖုန်း
ဟကောင် သူရနီ
ငါပါကွ
မင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့
ငါ့ကဗျာတွေ
မဂ္ဂဇင်းတိုက်တွေဆီ ပို့ပြီးပြီလား
..... ......
ဘာ !! စန်းယု ဟုတ်လား
အဲဒီ့ကောင် ကမ်းဝေးနေတယ်
ကမ်းနီးအောင် ဘာလုပ်မလဲတော့ မသိဘူး
..... .....
သြော် .. သတိုးလုလင်၊ ဇော်မင်းသန်း၊
မောင်ရင်စစ်၊ မိုးခါး၊ သိုးမိုက်
သူတို့အားလုံး သက်သာပါတယ်
ဖုန်းချလိုက်တော့မယ်ကွာ
မင်းက အလကားပြောနေရတာ
ငါက မြန်မာငွေနဲ့ ပြောနေရတာကွ
ဟ ... ဟကောင် နေဦး
အခုစကားပြောနေတာ
ငါပါကွ .. စန်းယု။ ။
ရီဇော်ဟိန်း
၁၇. ၆. ၂၀၁၁
Thursday, June 6, 2013
ချန်ထားခဲ့တဲ့ ကဗျာ
Subscribe to:
Post Comments (Atom)






ဖုန်းချလိုက်တော့မယ်ကွာ ... လို့ သူမပြောဘဲ ဖုန်းနဲ့ သူနဲ့ အဆက်အသွယ်မလုပ်တော့ပါ ...
ReplyDelete